ကလေးတွေ ပျော်ကြလေပြီ..

ကျွန်တော်များ Dawna Alliance Company နှင့် Zwekapin Valley Resort & Spa မိသားစု အဖွဲ့သားများ မနှစ်က December လ ၅ ရက်နေ့ တွင် ဟိုတယ်အုတ်မြစ် ချခဲ့စဉ်ကတည်းက ရည်စူးခဲ့ကြသော စိတ်ကူး အိပ်မက်, ယနေ့တော့ အကောင်အထည်ဖော်နိုင်ခဲ့ကြလို့ နှလုံးဆီထိ ဝမ်းသာ ပီတိဖြစ်ကြရပါသည်။ ကလေးတွေလည်း ကျောင်းသစ်ကြီးရလို့ ပျော်ကြသည်။ လူကြီးတွေလည်း ပီတိ ဖြင့်ပျော်ကြရပါသည်။

ကျွန်တော်များ Zwekapin Valley Resort & Spa, Rotary Club of Central Yangon နှင့် မိတ်ဆွေ အလှုရှင်များ ပူးပေါင်းဆောက်လုပ် ပြီးစီးခဲ့သော
ပေ ၉၀ * ပေ ၃၀ စာသင် ကျောင်းဆောင်သစ်ကို နိုဝင်ဘာ ၁၇ ရက်, ၂၀၁၇ တွင် ကရင်ပြည်နယ် သိုက်တောရွာ အခြေခံပညာ မူလတန်းကျောင်းကို လွဲပြောင်းလှူဒါန်းခဲ့ပါသည်။

ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် ဆရာစောအောင်မြိုင်က ‘ ကလေးငယ်လေးတွေရဲ့ ပင်မအသက်သွေးကြောဖြစ်တဲ့ ပညာရေး ကဏ္ဏဟာ အလွန်အရေးကြီးတာ ုဖစ်တဲ့အတွက် အခုလိုမျိုး ကျောင်းဆောင်သစ်လှူဒါန်း ပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူးအထူးတင်သလို ဒီကျောင်းဆောင်သစ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်း ကူညီသူတွေကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်’ ဟု ကရင်ကမျိုးသားမီဒီယာ မှတဆင့် ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။

ယခင်ကရှိနေတဲ့ ကျောင်းဆောင် အဟောင်းကတော့ နှစ်ပေါင်း ကြာရှည်လှပြီ ဖြစ်လို့ အတော့်ကို ယိုယွင်းနေ တာဖြစ်ပါတယ်။ ကလေးတွေခမျာမှာ ချို့ချို့တဲ့တဲ့ အခြေအနေ မှာ ပညာဆည်းပူးရသလိုဖြစ်နေခဲ့ပါတယ်။ ဒီသိုက်တော မူလတန်းကျောင်းကို အနီးအနား ရွာ၄ ရွာခန့်က ကလေးတွေလဲ လာရောက်ပြီးတက်ကြတယ်လို့ သိရပါတယ်။ ကလေးတွေဟာ ကျွန်တော်တို့ အားလုံးရဲ့ အနာဂါတ်ပါ။ ပညာတတ်ပြီး အကောင်းအဆိုး ဆင်ခြင် တတ်, ခွဲခြားတတ်,မိမိ ဒေသနဲ့ မိမိတိုင်းပြည် အတွက် အကျိုးပြုနိုင်သော လူငယ်များဖြစ်လာကြစေဖို့, ကရင်ပြည်နယ်ကြီး ပိုမို၍ စည်ပင်တိုးတက်ဖွံ့ ဖြိုးရေး အတွက် အနာဂါတ် အားများ ဖြစ်စေရန် ဆန္ဒမွန်ဖြင့် ဆုမွန်ကောင်းများ တောင်းအပ်ပါသည် ခင်ဗျား။

*Dawna Alliance Company Ltd
*Zwekapin Valley Resort & Spa
#Heavenly_Hpaan
#Kayin_State
#Zwekapin_Valley_Resort
#See_the_World_Differently

Address

No.4/1 , 1/ 54 ,Taw Pone Village , Hpa An - Pine Yang Road , Hpa -An

+959 952 044 555

Member of